Friday 30 December 2011

ဒေါက်တာတုတ်ကြီး, မြန်မာ့ရိုးရာ ဂိုင်နကော်လော်ဂျစ်

I am enjoying this blog and since it jokes about self styled doctors I am posting it.

'သို့ ကလိုဖြင့် ကျွန်ုပ်လည်း တိုင်းရင်းဆေးသိပ္ပံတွင် ဇာဒိဖ္ဖိုလ်သီး အကြောင်းသိကောင်းစရာ ကျမ်းတော်ကြီးကို ရေးပြီးသကာလ မြန်မာ့ရိုးရာ ဂိုင်နကော်လော်ဂျစ်ဘွဲ့ ကို ကိုယ့်ဟာကိုယ်ပေးကာ ဒေါက်တာတုတ်ကြီး ဟူသော ဂုဏ်ပုဒ်ဖြင့် ခြုံဖုတ်တောင်အလွတ်မပေးပဲ နှိုက်တော်မူတော့၏။
တုတ်ကြီးတို့  ဘုန်းမိုးသို့ ချုန်း ပွေးပုန်း ရှိက လှန်ကာပြ မိန်းမဖြစ်စေ မငြင်းပေဘူး ဆိုသော ဆောင်ပုဒ်ဖြင့် တောင်ကုတ် အနီး မြို့ တမြို့တွင် ဆေးခန်းထိုင်နေခိုက် ............
၁၉၈၈ အရေးတော်ပုံကြီးဖြစ်လာ၏ ။ အဖြစ်အပျက်တို့ က အချစ်အတွက် သစ်ကွက် တခုလုံး လက်ညှိုးထိုးရောင်းမိသည့်တောခေါင်းပမာ သဘောကောင်းသော တုတ်ကြီး အတွက်
အကွက်ဝင်လာသည် ယင်းကား ၁၉၉၀ ရွေးကောက်ပွဲဖြစ်ပေတော့၏။

ပတ်ဝန်းကျင်က အမတ်မင်း ဟု ခေါ်တိုင်း ကျွန်ုပ် စိတ်ထဲတွင် တော့ “ အမတ် တုတ်ကြီး တုတ်ကြီးအမတ် ” ဟု မတ်မတ်ကြီး ကော့ကာ မော့မော့ကြီးကပ်နေမိတော့၏။
န၀တ ဆိုသည့်ကောင်စားများကလည်း စောက်ချဉ်မဟုတ် နောက်လင်ဦးဆောင်သည့်အဖွဲ့ဖြစ်သည့်အတိုင်း ကတိမတည် အာဏာမပေးတော့ မခက်ပေလော ...။

တုတ်ကြီးတို့ က တုံးတိုက်တိုက် ကျားကိုက်ကိုက် ကိုယ့်မကိုက်သမျှ ပေါ့လေ နော် အဟက်ဟက်ဟက်ဟက်. ဆို တော့ကာ သဘော အလိုမကျသဖြင့် တောခိုရမှဖြစ်မည်ဟုဆုံးဖြတ်ကာ
အိန္ဒြိယနယ်သို့  ထွက်ခွာကာ လက်သာရာ လုပ်ရင်း ဆက်လက် ရပ်တည်လျှက် ၀ါသနာကလည်း ရှိ တတ်သည့်ပညာ မနေသာ ဆိုသည့်အတိုင်း ဆေးကုသခြင်းလုပ်ငန်းကိုလည်း ကြုံသလို
ဆက်လက်လုပ်ကိုင်နေခဲ့၏။ အာရောဂျံ ပရမံလာဘံ လို့  အဆိုရှိပေသကိုး။'

http://mrtotekyi.blogspot.com

No comments:

Post a Comment

Note: only a member of this blog may post a comment.